သရက်ခရိုင်အတွင်း ကျေးလက်ရေရရှိရေးလုပ်ငန်း(၃၂)ခု ဆောင်ရွက်လျက်ရှိ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ် (၆)မြို့နယ်ရှိ ကျေးရွာပေါင်း (၃၂)ရွာ၌ မူလခွင့်ပြု ရန်ပုံငွေကျပ် ၃၈၄ ဒသမ ၃သန်းနှင့် နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေကျပ် ၄၁ ဒသမ ၃၅၃ သန်း တို့ဖြင့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။








