စာကြည့်တိုက်ကို အခြေပြုပြီး ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သည့် စာကြည့်တိုက်မှူးအား ပထမဆုံးအကြိမ်အဖြစ် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ စနေ၊ တနင်္ဂနွေ စာအုပ်ဈေးတန်း၌ Public Librarians Support Group က ကြီးမှူးပြုလုပ်ခဲ့ပြီး စာကြည့်တိုက် ၅ဝ အတွက် တစ်တိုက်လျှင် ကျပ် တစ်သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်သိန်း ၅ဝ ကို Save The Library စာကြည့်တိုက်များ ကွန်ရက်မှ စာအုပ်များ လှူဒါန်း သွားမည်ဖြစ်