လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေဝန်ကြီး ပြည်တော်အိမ်ရာနေ ပြည်သူများနှင့် တွေ့ဆုံ 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးနှင့် ပြည်တော်သာအိမ်ရာနေ ပြည်သူများနှင့် တွေ့ဆုံပွဲကို မတ် ၁၈ ရက် နံနက်ပိုင်းက ပြည်တော်သာရှိ မူလတန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
မိုးညှင်းမြို့နယ်၌ ရော်ဘာအစေးလှီးနည်းသင်တန်းဖွင့်
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီး၍ မတ် ၁၈ ရက် နံနက် ၉ နာရီက မိုးညှင်းမြို့နယ်     ညောင်ကိုင်းကျေးရွာအုပ်စု  သာယာကုန်းကျေးရွာရှိ ဦးတိုက်စိန်၏ ရော်ဘာ ခြံတွင် ရော်ဘာအစေးလှီးနည်းသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့နယ်တွင် အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်ပြီး မိုးရွာသွန်းမှုကြောင့် လူနေအိမ် (၃၃) လုံး ပြိုကျပြီး ၂၃ လုံးပျက်စီး
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စုတွင် မတ် ၁၈ ရက် ညနေ ၅ နာရီခန့်က အချိန်ခါမဟုတ် လေပြင်းတိုက်ခတ်ပြီး  မိုးသည်းရွာသွန်းမှုကြောင့် ကျေးရွာ(၆)ရွာတွင် လူနေအိမ် (၃၃) လုံးပြိုကျခဲ့ပြီး (၂၃)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။
ကျေးရွာနေပြည်သူများအား စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး
ဂန့်ဂေါခရိုင် ဆောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် မတ် ၁၈ ရက် မွန်းလွဲပိုင်းတွင် လှော်ကားကျေးရွာသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဖြင့် ကျေးရွာနေ ပြည်သူများအား စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကျောက်တန်းမြို့နယ်တွင် အခြေခံရှေးဦးသူနာပြုစုခြင်း သင်တန်းဆင်းပွဲ ကျင်းပ
ရန်ကုန်တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ကြက်ခြေနီအသင်းခွဲကကြီးမှူး၍ အခြေခံရှေးဦး သူနာပြုစုခြင်းအမှတ်စဉ် (၃/၂၀၁၉) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉နာရီက ရွာသစ်ကြီး ကျေးရွာ၊ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့သည်။
မြို့နယ်အဆင့် သက်ဆိုင်သူ အဖွဲ့အစည်းပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးခြင်းနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
ရွာငံမြို့နယ် ကျေးလက် အသက်မွေးဝမ်းကျောင်းနှင့် ဝင်ငွေမြှင့်တင်ရေးစီမံကိန်း(ERLIP)မှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးခြင်းနှင့် ---------
နမ့်ဆန်၌ ခွဲစိတ်ပြီးသော မျက်စိဝေဒနာရှင်များအား ကျွမ်းကျင်ပညာရှင်များက ပြန်လည်စစ်ဆေးကုသပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်တွင် ချယ်ရီမေတ္တာ ဖောင်ဒေးရှင်းက မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ပြီး ခွဲစိတ်ပြီးသော မျက်စိဝေဒနာရှင်များကို  နမ့်ဆန်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ ကျွမ်းကျင်ပညာရှင်များက ပြန်လည်စစ်ဆေးမှုများပြုလုပ် လျက်ရှိကြောင်း သိရသည်။