မန္တလေးကျုံးဘေးတွင် ပန်းချီပြပွဲကျင်းပ

လင်းရောင်ခြည် စာကြည့်တိုက်နှင့် လူငယ်ဖွံ့ဖြိုးရေးစင်တာမှ ကျင်းပပြုလုပ်သော နွေရာသီပန်းချီသင်တန်းဆင်း လူငယ်များ ပန်းချီပြပွဲကို မန္တလေးမြို့ ၂၆လမ်း၊ ၆၆×၆၈ လမ်းကြားတွင် ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ ပြန်လည်ရောက်ရှိ
အိန္ဒိယသမ္မတနိုင်ငံ နယူးဒေလီမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် နယူးဒေလီ မြို့မှ နေပြည်တော်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာကြသည်။
(၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်နေ့အထိမ်းအမှတ် အခမ်းအနား ကျင်းပမည်
ဇွန်လ(၉)ရက်နေ့တွင် ကျရောက်မည့်(၇၁)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက်နေ့ အထိမ်းအမှတ် အခမ်းအနားကို ဇွန် ၈ ရက်မှ ၉ ရက်ထိ နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပဲခူးမြို့၌ ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
၂ဝ၁၉ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ပဲခူးမြို့ သီရိဟံသာခန်းမ၌ ကျင်းပခဲ့သည်။
စစ်ကိုင်းမြို့မှ သောက်ရေအိုးလုပ်ငန်းလုပ်ကိုင်သူများ အဆင်မပြေ
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှ သောက်ရေအိုးလုပ်ငန်းလုပ်ကိုင်သူများသည် မြေနီကုန်ကြမ်းရှားပါးလာခြင်း၊ အိုးလုပ်သည့်ကုန်ကြမ်းဈေးနှုန်းများမြင့်တက်လာခြင်း၊ သယ်ယူစရိတ်မြင့်တက်လာခြင်းနှင့် အလုပ်သမားရှားပါးလာခြင်းတို့ကြောင့် အိုးလုပ်ငန်းလုပ်ကိုင်သူများ အဆင်မပြေကြောင်း သိရသည်။
နိုင်ငံတကာအဆင့်မီ အမှိုက်မီးရှို့စက်များ တည်ဆောက်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်
နိုင်ငံတကာအဆင့်မီ အမှိုက်မီးရှို့စက်များ တည်ဆောက်ခြင်းဖြင့် လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။