နယူးဒေလီမြို့ Arpit Hotel မီးလောင်မှုတွင် မြန်မာဘုရားဖူးအဖွဲ့မှ (၂)ဦးသေဆုံးခဲ့ပြီး (၁)ဦးထိခိုက်ဒဏ်ရာ
ဖေဖော်ဝါရီ ၁၂ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီခွဲတွင် နယူးဒေလီမြို့၊ Karol Bargh အရပ်ရှိ Arpit Hotel ၌ ဖြစ်ပွားခဲ့သော မီးလောင်မှုတွင် အဆိုပါ ဟိုတယ်၌ တည်းခိုနေထိုင်လျက်ရှိသော အဖွဲ့ဝင် (၇)ဦးပါ ရွှေမီဗုဒ္ဓဂါယာ မြန်မာဘုရားဖူးအဖွဲ့မှ (၂)ဦး သေဆုံးခဲ့ပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယူးဒေလီမြို့ရှိ မြန်မာသံရုံး သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။






